ကဝ နိုဝင်ဘာ ၂၈
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက (၁၀၁)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ်မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးအသိပညာပေးဆွေးနွေးပွဲTalk Showအစီအစဉ်ကို လူထု အခြေပြုဗဟိုဌာနCommunity Cerntre ခန်းမ၌ ယမန်နေ့နေ့လယ်၂နာရီကကျင်းပခဲ့ကြောင်း သိရသည်။
ကဝမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ Onlineမှတစ်ဆင့် အသိပညာပေး အစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ယမန့်နေ့က (၁၀၁)နှစ် မြောက်အမျိုး သားအောင်ပွဲနေ့အထိမ်းအမှတ် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ Talk Show ကို မြို့နယ်ဦးစီးမှူးဒေါ်သန်းသန်းဝင်းနှင့်ဒုတိယမီးသတ်ဦးစီးမှူး ဦးမင်းသူတို့က အသိပညာပေးဆွေးနွေးခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် မီးသတ်ဦးစီးဌာန၏ ရည်မှန်းချက် တာဝန်ကြီး(၄)ရပ်နှင့်အညီ လုပ်ငန်းစဉ်(၇)ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သည့်အတွက် ရပ်ကွက်/ကျေးရွာ အတွင်းရှိ စက်သုံးဆီဆိုင်များ၊ဈေးများ၊ဟော်တယ်၊မော်တယ်၊ တည်းခိုခန်းများ၊ မီးဘေးအန္တရာယ်စိုးရိမ်ရသော လုပ်ငန်းများ စစ်ဆေးခြင်း၊အကြံပြုခြင်းနှင့် မီးဘေးကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်းနှင့် မီးသတိမူ မီးဘေးကြိုတင် ကာကွယ်ရေး ရပ်ကွက်/ကျေးရွာအတွင်း လှည့်လည်ဆော်အောပေးခြင်း၊ မီးဘေးအန္တရာယ်စိုးရိမ်ရသည့် လုပ်ငန်းများကို ဥပဒေ၊ နည်းဥပဒေနှင့်အညီ စစ်ဆေးပြီး အကြံပြုလျက်ရှိခြင်း၊ သင့်လေးသင့်၊ မြန်သုံးမြန်အနေဖြင့်လည်း ဆောင်ရွက် လျက် ရှိကြောင်းနှင့် အထက်ဌာန အကြီးအကဲများ၏လမ်းညွှန်ချက်နှင့်အညီ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်းပြီး မီးဘေးသရုပ်ပြခြင်း၊လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ စစ်ဆေးအကြံပြုခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း ဆွေးနွေး ခဲ့ ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)