အင်္ဂပူမြို့၌(၁၀၁)နှစ်‌ မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အခမ်းအနားပြုလုပ်

အင်္ဂပူ နိုဝင်ဘာ ၂၈

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် အင်္ဂပူမြို့ အ-ထ-က(အင်္ဂပူ)ငုရွှေဝါခန်းမ၌ယနေ့နံနက်ပိုင်းက(၁၀၁) နှစ် မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်း အမှတ် အခမ်းအနားပြုလုပ်ကျင်းပခဲ့သည်။

ဦးစွာ ကျောင်းသား/သူလေးများကအမျိုးသားနေ့ သီချင်းအား ဂုဏ်ပြုသီဆိုအခမ်းအနားဖွင့်လှစ်ပြီး ပြည်‌ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်‌ရေး‌  ကောင်စီဥက္ကဌ၊နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ မှ (၁၀၁)နှစ်မြောက် အမျိုးသား‌အောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားသို့ပေးပို့သည့်သဝဏ်လွှာအား မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးအောင် ကျော်မိုးက ဖတ်ကြားခဲ့သည်။ ထို့ နောက် အမျိုးသားနေ့အထိမ်းအမှတ် စာစီစာကုံး ပြိုင်ပွဲတွင်ဆုရရှိကြသောကျောင်းသား/သူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များက ဆုများ အသီးသီးပေးအပ်ချီး မြှင့်ခဲ့ကြောင်းသိရသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့်အဖွဲ့ဝင်များ၊မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌဒေါ်သန္တာဌေးနှင့်အဖွဲ့ဝင်များ၊ဆရာ၊ဆရာမများ၊ကျောင်းသား/သူ များတက်ရောက်ခဲ့ကြောင်း နှင့်မြို့နယ်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၁၀၁)နှစ်မြောက် အမျိုးသား‌အောင်ပွဲ နေ့ အထိမ်းအမှတ်သတင်း စကားလက်ကမ်းစာစောင်များဖြန်ဝေခဲ့ကြောင်းသိရသည်။

မန်းကျော်