ဟင်္သာတ နိုဝင်ဘာ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၌ (၁၀၁) နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ် အထက်တန်းနှင့် အလယ်တန်းအဆင့် စာစီစာကုံးနှင့်ကဗျာပြိုင်ပွဲကို ယမန်ရက်နေ့ မွန်းလွဲ ၁ နာရီက အထက ၁ ကျောင်းတွင် ပြုလုပ်ခဲ့သည်။
ပြိုင်ပွဲကို အမျိုးသားနေ့မှသည် အနာဂါတ်ဆီသို့ ခေါင်းစဉ်ဖြင့်ပြုလုပ်ရာ ကျောင်းသား/သူ အထက်တန်း အဆင့်တွင် ၁၂ ဦးနှင့်အလယ်တန်းအဆင့်တွင် ၁၀ ဦး စုစုပေါင်း ၂၂ ဦးတို့က ဝင်ရောက် ယှဉ်ပြိုင်ကြသည်။
(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို နှစ်စဉ်နှစ်တိုင်းကဲ့သို့ ကျင်းပပြုလုပ်ပေးပြီး ဆုများလည်း ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ကိုဇော်