မော်လ​မြိုင်ကျွန်းမြို့နယ်မှ ကျောင်းသား/သူများအား (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်း အမှတ် လက်ကမ်းစာစောင်များ အသိပညာပေးဖြန့်ဝေ

မော်လမြိုင်ကျွန်း   နိုဝင်ဘာ    ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ​မော်လ​​မြိုင်ကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ယနေ့နေ့လည်(၂း၀၀)နာရီ၌ ​​မော်လ​မြိုင်ကျွန်းမြို့ပေါ်မှ အခြေခံပညာကျောင်းများ အရောက် (၁၀၁)နှစ်‌မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များအား အခမဲ့ အသိပညာပေး ဖြန့်ဝေခဲ့သည်။

ဖြန့်ဝေရာတွင် ကျောင်းသား/သူများ အနေဖြင့် အမျိုးသားရေးစိတ်ဓာတ်များ ရှင်သန်နိုးကြားစေရေး၊ မျိုးချစ်စိတ်ဓာတ်ကို အရင်းခံသည့် ပြည်ထောင်စုစိတ်ဓာတ် ထာဝစဉ်ရှင်သန်ထက်မြက်ရေးတို့ကို ရည်ရွယ် ၍ ဖြန့်ဝေဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ အဆိုပါ သတင်းစကား လက်ကမ်းစာစောင်တွင် အမျိုးသား အောင်ပွဲနေ့ ဖြစ်ပေါ်လာပုံ သမိုင်းအကျဉ်း၊ အမျိုးသားအောင်ပွဲနေ့နှင့် ပတ်သက်၍ ဗိုလ်ချုပ် အောင်ဆန်း၏ မိန့်ခွန်းကောက်နုတ်ချက်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အမှာစကား ကောက်နုတ်ချက်၊ အမျိုးသားရေးစိတ်ဓာတ်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များအား ပြည်စုံစွာ ထည့်သွင်း အသိပညာပေးထားပြီး မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား/သူများ၏ လက်ဝယ်အရောက် လက်ကမ်း စာစောင် အစောင်ရေ(၂၅)စောင်အားဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အောင်အောင်