ပြည်မြို့တွင်   (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်စာ‌စောင်ပြပွဲအခမ်းအနားကျင်းပ

ပြည်    နိုဝင်ဘာ   ၂၇

၂၀၂၁ခုနှစ် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်စာ‌စောင်ပြပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ပြည်မြို့ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန Community Centreခန်းမ၌ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့် အညီကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါပြပွဲတွင် ၂၀၂၁ခုနှစ် (၁၀၁)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်နှင့် အမျိုးသားအောင်ပွဲနေ့ဆိုင်ရာ သိကောင်းစရာ အကြောင်းအရာများပါဝင်သည့် ကဗျာ၊ ကာတွန်း၊ ဆောင်းပါးနှင့် ဓာတ်ပုံမှတ်တမ်းများ၊ အသိပညာပေးနံရံကပ် စာစောင်များနှင့် ပြည်သူ့စာကြည့်တိုက်ရှိ သုတ/ရသစာအုပ်မျိုးစုံတို့ကို ယနေ့နံနက် ၁၀နာရီက စတင်ခင်းကျင်းပြသထားရှိရာ ပြည်မြို့အောင်မြေသာယာမူလတန်းလွန် ကျောင်းမှ ဆရာ/ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများနှင့် ကျောင်းသားမိဘများ လာရောက်လေ့လာကြည့်ရှုကြကြောင်းနှင့် ကြည့်ရှုလေ့လာသူများအား ခရိုင်ပြန်/ ဆက်ဝန်ထမ်းများက အပူချိန်တိုင်းတာ၍ လက်သန့်ဆေးရည်များဖြန်းကာ နှာခေါင်း maskများဖြန့်ဝေပေးခြင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ထုတ်ဝေသည့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)