လပွတ္တာမြို့နယ်တွင် မိုးစပါးစံကွက်ရိတ်ပွဲ၊ သစ်စိမ်းမြေသြဇာပိုက်ဆံလျှော်မျိုးစေ့ပေးပွဲနှင့် နွေစပါးကောက်စိုက်စက်ဖြင့်  စိုက်ပျိုးရန်ပျိုးထောင်ခြင်းလုပ်ငန်းဆောင်ရွက်

လပွတ္တာ      နို၀င်ဘာ    ၂၇

ဧရာ၀တီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် အောက်ချောင်းကျေးရွာတွင်    မိုးစပါး စံကွက်ရိတ်ပွဲ၊ သစ်စိမ်းမြေသြဇာအတွက် ပိုက်ဆံလျှော်မျိုးစေ့အား  တောင်သူများသို့ ပေးအပ်ပွဲနှင့်  နွေစပါးကောက်စိုက်စက်ဖြင့် စိုက်ပျိုးရန် ပျိုးထောင်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀နာရီ အချိန်က ကျင်းပပြုလုပ်ကြောင်းသိရသည်။

အဆိုပါအခမ်းအနားသို့  ဧရာ၀တီတိုင်းဒေသကြီး၀န်ကြီးချုပ် ဦးတင်မောင်၀င်းနှင့်  အဖွဲ့၀င်များ တက်ရောက်ခဲ့ပြီး လပွတ္တာမြို့နယ်စံကွက်ရိတ်သိမ်းခြင်းနှင့်ပတ်သက်၍ မြို့နယ်ဦးစီးမှူး (လယ်စာရင်း) ဦး၀င်းလွင်က ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ၀န်ကြီးချုပ်က  နွေစပါးစိုက် တောင်သူများအား ယူရီးယားဓါတ်မြေသြဇာပေးအပ်ခြင်း၊  ပိုက်ဆံလျှော်(သစ်စိမ်း မြေသြဇာ) မျိုးစေ့ပေးအပ်ခြင်း  ကျင်းပသည်။ ထို့နောက် နွေစပါး(ကောက်စိုက်စက်)ပျိုးထောင်ပွဲ၊ မိုးစပါး စံကွက်ရိတ်သိမ်းခြင်းအား ကြည့်ရှုအားပေးသည်။

စံကွက်ရိတ်သိမ်းခြင်းတွင် ဆင်းသုခစပါးမျိုး တစ်ဧက အထွက်တင်း ၁၁၈.၅၂တင်း ထွက်ရှိကြောင်း သိရပြီး အခမ်းအနားသို့ တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးတင်မောင်၀င်းနှင့်အဖွဲ့၊ လပွတ္တာခရိုင် အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးညွှန့်နှင့် ခရိုင်အဆင့်ဌာနဆိုက်ရာအကြီးအကဲများ၊ မြို့နယ်အုပ်ချုပ်ရေး မှူး ဦးခိုင်ထွန်းနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ တောင်သူများ တက်ရောက်ခဲ့ ကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)