ကဝမြို့နယ်တွင်  ငါးမွေးမြူရေးပညာပေး သင်တန်းဖွင့်လှစ်

ကဝ  နိုဝင်ဘာ  ၂၇

ပဲခူးတိုင်းဒေသကြီး၊ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ကောင်းမွန်သောရေသတ္တဝါမွေးမြူရေးကျင့်စဉ် (GAqP)သင်တန်းကို  အောင်မြေကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင်ယနေ့နံနက် ၉နာရီက ဖွင့်လှစ်ခဲ့သည်။

သင်တန်းဖွင့်ပွဲတွင်   ကဝမြို့နယ်   အောင်မြေကျေးရွာ      အုပ်ချုပ်ရေးမှူး ဦးခင်မောင်ကြည်က    အဖွင့်အမှာစကားပြောကြားပြီး၊     မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးတင်မောင်ဖုန်းက သင်တန်းဖွင့်ရခြင်းနှင့် ပတ်သက်၍ မြို့နယ်အတွင်းငါးသယံဇာတများတိုးပွားပြီး ရေရှည် စဉ်ဆက်မပြတ် တည်တံ့စေရန်နှင့် ငါးထုတ်လုပ်မှု   တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါသင်တန်းသို့ ဒေသခံငါးမွေးတောင်သူများ၊ ရေလုပ်သားဖွံ့ဖြိုးတိုးတက်ရေး(FDA) အဖွဲ့ဝင်များနှင့် ဒေသခံရွာသူ/ရွာသားစုစုပေါင်း(၂၅)ဦး တက်ရောက်ပြီး သင်တန်းကာလမှာ တစ်နေ့တာသင်တန်းဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)