ဖျာပုံမြို့၌အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်ပုံပြင်ပြောပြိုင်ပွဲနှင့်ဂိမ်းကစားခြင်း ပြိုင်ပွဲများ ကျင်းပ

ဖျာပုံ   နိုဝင်ဘာ  ၂၇
 

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် ပုံပြင်ပြောပြိုင်ပွဲ၊အပ်နဖားထိုးပြိုင်ပွဲနှင့် ခွက်ရွက်သယ်အားကစားပြိုင်ပွဲများ ကိုယမန်နေ့ နေ့လည် ၁၁နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲများကို ဖျာပုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊အနေဖြင့် ကျောင်းသား၊ကျောင်းသူများ စာကြည့်တိုက်ကို အသုံးပြုတတ်စေရန် ၊ အားလပ်ချိန်များကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေး မြင့်မားလာစေရန်၊ ကိုယ်ပိုင်တီထွင် ဖန်တီးတတ်သည့် အတွေးအခေါ်များရှိလာစေရန် ရည်ရွယ်၍ ပြိုင်ပွဲများကျင်းပပြုလုပ်ပေး ခြင်းဖြစ်ပြီး ပြိုင်ပွဲများတွင်ဆုရရှိသူများအား ဆုလက်ဆောင်များပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အောင်ဝင်းနိုင်