နတ်မောက်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ် များရုံးပိတ်ရက်မရှိဆောင်ရွက်ပေး

နတ်မောက်   နိူဝင်ဘာ ၂၇

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် နိုင်ငံသားတိုင်း နိုင်ငံသားစိစစ်ရေးကတ်များ ရရှိစေ ရန်အတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး၌ ဒေသခံ ပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်များကို ပိတ်ရက်မရှိ ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ပေးရာ၌ နိုဝင်ဘာလ(၂၆)ရက်နေ့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှဦးစီးအရာရှိနှင့် ဝန်ထမ်းများကဆောင်ရွက်ပေးခဲ့ရာ ၃(က)ဖြင့် နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်သူ ကျား(၁)ဦး၊ ၆(က)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်သူ ကျား(၄)ဦး၊ မ(၆)ဦး၊ မိတ္တူ ကျား (၇)၊ မ(၃)ဦး၊ လဲလှယ် ကျား (၂၄)ဦး၊ မ(၁၇)ဦး စုစုပေါင်း (၆၂)ဦး ပြုလုပ်ပေးခဲ့ကြောင်းသိရသည်။

အဆိုပါ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များကို  မတ်လ ( ၃) ရက်နေ့မှ နိုဝင်ဘာလ (၂၆) ရက်နေ့အထိ  နိုင်ငံသားစိစစ်ရေးကတ် စုစုပေါင်း (၃၇၉၇) ဦး၊ အိမ်ထောင်စု လူဦးရေစာရင်း(၈၀၅)ဦး ပြုလုပ်ပေးပြီးဖြစ်ကြောင်း မြို့နယ် လဝက ဦးစီးမှူး ဦးမျိုးတင့်ထံမှ သိရသည်။

သင်းသင်းမြတ်(နတ်မောက်)