ပလောက် နိုဝင်ဘာ ၂၇
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီး ဌာနရှိCommunity Centre ခန်းမတွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်း အမှတ် ဟောပြောပွဲကိုယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် ပလောက်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နှင်းမြူလွင်က ဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး အမျိုးသားနေ့ စတင်ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကို ဟောပြောခဲ့သည်။
အဆိုပါဟောပြောပွဲသို့ အခြေခံပညာမူလတန်းလွန် ကျောင်းမှ ကျောင်းသားကျောင်းသူများ တက် ရောက်ခဲ့ကြပြီး ကိုဗစ်-၁၉ရောဂါစည်းကမ်းချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
နှင်းမြူလွင် (ပလောက်)