ဝန်းသိုမြို့နယ် အောင်ဇာနည်ကုန်းကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းရန်ပုံငွေဖြင့် ရေရရှိရေးလုပ်ငန်းဆောင်ရွက်‌မည်

ဝန်းသို နိုဝင်ဘာ ၂၇

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ သောက်သုံးရေဖူလုံစွာရရှိရေးအတွက် ရေရရှိရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင် ဝန်းသိုမြို့နယ်တွင်(မူလ) ငွေလုံးငွေရင်းရန်ပုံငွေအပြင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းရန်ပုံငွေဖြင့် အောင်ဇာနည်ကုန်းကျေးရွာ၌ ရေရရှိရေး လုပ်ငန်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဝန်းသိုမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ခု(၆)လ ဘဏ္ဍာရေးနှစ်အတွင်း ကင်းမြင်သာ‌ကျေးရွာ၌ ပြည်ထောင်စုရန်ပုံငွေကျပ်(၁၅.၂၉၉)သန်းဖြင့် အနက်ပေ(၄၀၀)ရှိ လေးလက်မစက်ရေတွင်း‌တစ်တွင်း၊  ဂါလံ(၂၀၀၀)ဆံ့ ရေစုကန်တစ်ကန်နှင့် ဆက်စပ်လုပ်ငန်းများကိုလည်းကောင်း၊ ဝက်တူးကျေးရွာ၌ တိုင်းဒေသကြီးရန်ပုံငွေကျပ်(၂၁)သန်းဖြင့် အနက်ပေ(၄၀၀)ရှိ လေးလက်မ စက်ရေတွင်းတစ်တွင်းနှင့် ဂါလံ(၂၄၀၀)ဆံ့စင်မြင့်ရေစင်အပါအဝင် ဆက်စပ်လုပ်ငန်းများကို လည်းကောင်း၊ အောင်ဇာနည်ကုန်း ကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း ထောက်ပံ့ငွေကျပ်(၁၀)သန်းဖြင့် လေးလက်မစက် ရေတွင်းတစ်တွင်းကိုလည်းကောင်း အကောင် အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်သည်။

အဆိုပါကျေးရွာသုံးရွာတွင် ပူပြင်းခြောက်သွေ့သောနွေရာသီကာလ၌ သောက်သုံးရေဖူလုံစွာ မရရှိသောကြောင့် ယခုလိုဆောင်ရွက်ပေးခြင်းဖြစ်ပြီး လုပ်ငန်းအားလုံးအောင်မြင်စွာ ဆောင်ရွက် ပြီးစီးပါက ယင်းကျေးရွာသုံးရွာရှိ အိမ်ခြေပေါင်း(၃၇၃)အိမ်၊ လူဦးရေပေါင်း(၁၇၈၉)ဦးတို့ အတွက် များစွာအကျိုးပြုနိုင်မည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဦးစီးဌာန ဦးစီးမှူး ဦးမြတ်မျိုးထွန်းထံမှ သိရသည်။

ကျော်မြိုင်