မင်းလှမြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင်ဇေယျာသီရိဈေးအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးစစ်ဆေးဆောင်ရွက်

အထက်မင်းလှ       နိုဝင်ဘာ ၂၇

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊မင်းလှမြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် ဇေယျာသီရိဈေး အားမီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးလုံခြုံရေးအတွက်မြို့နယ် စီမံအုပ်‌ရေး အဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ယမန်နေ့ညနေ ၄ နာရီကကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသန်းထွန်း‌အောင်နှင့်တာဝန်ရှိသူများ၊မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးကျော်သန်း၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိနှင့်ဝန်ထမ်းများမြို့နယ်မီးသတ်ဦးစီးဌာနမြို့နယ်ဦးစီးမှူးနှင့်တပ်ဖွဲ့ဝင်များ၊မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှတာဝန်ရှိသူများ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ဈေးအကျိုး‌တော်ဆောင်အဖွဲ့ဝင်များ၊ဈေးသူ/ဈေးသားများက ဇေယျာသီရိဈေးအတွင်းရှိလျှပ်စစ်ပင်မမိန်းခုံလျှပ်စစ်မီတာများ တွင်ထားရှိသည့်ဒါးမိန်းများဝါယာ‌ရှော့ဖြစ်လျှင်လျှပ်စစ်ဓာတ်အားဖြတ်ချနိုင်‌ရေးအတွက်ကောင်းမွန်သောဘရေကာ(Safety  Breaker)ခံ၍အသုံးပြုရေး ဈေးအတွင်းအပြင်ရှိလုံခြုံရေးမီး တပ်ဆင်ဆောင်ရွက်ထားရှိမှု၊   ဈေးဆိုင်ခန်းများအလိုက်လျှပ်စစ်မီး သုံးစွဲရာတွင်    မီးဘေး လုံခြုံစိတ်ချရမှု/မရှိ၊ မီးသတ်ဆေးဗူးဆောင်ရွက်ထားရှိမှုများ၊ မီးသတ်‌ရေလှောင်ကန်တွင်‌ ရေသိုလှောင်ထားရှိမှုအ‌ ခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့သည်။

အဆိုပါ မီးဘေးလုံခြုံရေးအတွက်စစ်ဆေးရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင် အရာရှိဒေါ်နွယ်နွယ်အေးက ဇေယျာသီရိဈေးအတွင်း အပြင်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများကပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး ကြောင်းသိရသည်။                                                                                                     

ဇာဇာ(အထက်မင်းလှ)