အုတ်ဖို နိုဝင်ဘာ ၂၇
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့ မြို့မဈေးတွင် ယနေ့နံနက်ပိုင်းက မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးဆောင်သောအဖွဲ့မှ မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်ခဲ့ကြသည်။
အဆိုပါလုပ်ငန်းဆောင်ရွက်မှုတွင် စည်းကမ်းမဲ့မီးသုံးစွဲမှုမရှိစေရေး၊ မီးသတ်ဆေးဘူးများ စနစ်တကျသုံးစွဲစေရေး၊ မီးသတ်ရေစင်နှင့် မီးသတ်စက်များကြံ့ခိုင်ကောင်းမွန်မှုရှိစေရေး၊ လျှပ်စစ်သုံးစွဲမှု စနစ်တကျရှိစေရေး တို့ကိုသက်ဆိုင်ရာ တာဝန်ရှိသူများက စနစ်ကျရှင်းလင်းပြသပေးခဲ့ကြောင်း သိရသည်။
အောင်သူ(အုတ်ဖို)