လက်ပံတန်းတွင်(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များ အခမဲ့ဖြန့်ဝေ

လက်ပံတန်း နိုဝင်ဘာ ၂၆

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်ရှိ မြို့ပေါ် အခြေခံပညာ ကျောင်းများ၊ လူစည်ကားရာနေရာများတွင် ယနေ့နံနက်ပိုင်းက တန်ဆောင်မုန်းလပြည့်ကျော် (၁၀)ရက်နေ့တွင် ကျရောက်မည့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်မှ) ထုတ်ဝေသည့် သတင်းစကား လက်ကမ်း စာစောင်များအား လက်ပံတန်း မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဖြန့်ဝေပေးခဲ့သည်။

အဆိုပါ လက်ကမ်းစာစောင်တွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်၊ ၂၀၂၁ခုနှစ် အမျိုးသားအောင်ပွဲနေ့ဦးတည်ချက်များ အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံ သမိုင်းအကျဉ်း၊ ရန်ကုန် ယူနီဗာစီတီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဌာန်ပြုကြသော ကျောင်းသားကြီး (၁၁)ဦး၊ “အေးအတူပူအမျှ” (၂၀-၁-၁၉၄၆) ရက်နေ့ ဖဆပလ အဖွဲ့ချုပ်ကြီး၏ နိုင်ငံလုံးဆိုင်ရာ ညီလာခံတွင် ပြောကြားသည့် ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်း၊ အမျိုးသားရေးစိတ်ဓါတ်၊ “အမျိုးသားပညာရေး” (၉၄)နှစ် မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သဝဏ်လွှာမှ ကောက်နုတ်ချက်၊   ၂၀၂၁ ခုနှစ် (၁၀၁)နှစ် မြောက် အမျိုးသား အောင်ပွဲနေ့ ဦးတည်ချက်များ၊ ရေနံ့သာမောင်ကျော်ညွန့်၏ “ဘုန်းရှင်မြန်မာ တို့မြန်မာ” ကဗျာ၊ “ပညာရေးကဏ္ဍသည် အရေးကြီး” နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  (၁၁-၄-၂၀၂၁)ရက်နေ့တွင် ရန်ကုန်တိုင်း ဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား တွေ့ဆုံပြောကြားသည့် အမှာစကားမှ ကောက်နုတ်ချက်နှင့် “နိုင်ငံသာယာဝပြောဖို့ တိုင်ရင်းသားအားလုံး စည်းလုံးညီညွတ်စို့” ဆောင်ပုဒ်စသည့် အကြောင်းအရာများစသည့် တို့ကို အသိပညာပေးဖော်ပြထားကြောင်း သိရသည်။

ဝင့်နန္ဒာဌေး