လွိုင်ကော် နိုဝင်ဘာ ၂၆
(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အနေဖြင့် လွိုင်ကော်ခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ် စာစောင်ပြပွဲ ၊ ဆေးရောင်ချယ်ပြိုင်ပွဲ ၊ ဟောပြောပွဲ တို့ကို ယနေ့ နံနက် ၁၀ နာရီအချိန်က Community Centre ခန်းမ၍ ပြုလုပ်ကျင်းပသည်။
ရှေးဦးစွာ လွိုင်ကော်ခရိုင် ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်စွာမြင့် က မြန်မာနိုင်ငံ လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းတစ်လျှောက် တစ်မျိုးသားလုံး စည်းလုံးညီညွှတ်စွာ ကြိုးပမ်းခဲ့ရာတွင် အမျိုးသားအောင်ပွဲနေ့သည်လည်း သမိုင်းမှတ်တမ်းတစ်ခု ဖြစ်ကြောင်း၊ ရန်ကုန် တက္ကသိုလ်အက်ဥပဒေကို ဆန့်ကျင်ရာမှ တစ်မျိုးသားလုံး နိုးကြားလာပြီး နယ်ချဲ့ ဆန့်ကျင်ရေး အမျိုးသားရေးစိတ်ဓါတ်များ ပေါ်ပေါက်လာပြီး လွတ်လပ်ရေးရယူနိုင်ခဲ့ပုံနှင့် ထိုနေ့ကိုပင် အမျိုးသား အောင်ပွဲနေ့အဖြစ် သတ်မှတ်ဖြစ်ပေါ်လာပုံ အစရှိသည်တို့ကို ဟောပြောခဲ့ပါသည် ။
ဆက်လက်ပြီး (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ထုတ်ဝေသော သတင်းစကား လက်ကမ်းစာစောင်အား ဟောပြောပွဲ တက်ရောက်လာသူများအား ပေးအပ်ဖြန့်ဝေခဲ့သည်။ ထို့နောက်စာအုပ် စာစောင်ပြပွဲကို ခင်းကျင်း ပြသပြီး ဆေးရောင်ချယ် ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ကြသော ကလေးငယ်များအား ဦးစီးအရာရှိနှင့် မြို့နယ်ဦးစီးမှူးတို့က အမှတ်တရ ဂုဏ်ပြုလက်ဆောင်များကို အသီးသီး ပေးအပ်ခဲ့ကြောင်း သတင်းရရှိ သည်။
ခရိုင်(ပြန်/ဆက်)