သဲကုန်းမြို့နယ်တွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် နံရံကပ် စာစောင်နှင့် စာအုပ်ပြပွဲဆောင်ရွက်

သဲကုန်း နိုဝင်ဘာ ၂၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအား အမျိုးသားရေးစိတ်ဓာတ် ရှင်သန်ထက်မြက်စေရေး၊ နေ့ထူးနေ့မြတ်အကြောင်း သိကောင်း စရာများ သိရှိလာစေရန်နှင့် အသိပညာဗဟုသုတများ ရရှိလာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပညာရေးဌာနနှင့် ပူးပေါင်းပြီး (၁၀၁)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ်အကြို နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ယနေ့ နံနက် (၉) နာရီက အဆိုပါရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။

အဆိုပါ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲတွင် အမျိုးသားနေ့နှင့် ပတ်သက်သည့် စာအုပ်များ၊ အမျိုးသားအောင်ပွဲနေ့၏ နောက်ခံသမိုင်း အကြောင်းအရာများ၊ အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ် လာပုံ၊ အမျိုးသားအောင်ပွဲနေ့ သိသင့်သိထိုက်သည့် အကြောင်းအရာများ၊ ဆောင်းပါးများ၊ ဆောင်ပုဒ်များနှင့် အမျိုးသားအောင်ပွဲနေ့ ဂုဏ်ပြုကဗျာများ ထည့်သွင်းပြသဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။

အဆိုပါ (၁၀၁)  နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို  နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို   အထက(သဲကုန်း)မှ ကျောင်းသား၊ ကျောင်းသူများက လာရောက်ကြည့်ရှုဖတ်ရှု ကြပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်‌ဝေသည့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်  သတင်းစကား လက်ကမ်းစာစောင်များကို ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။

ချစ်နှင်းသုန်(ပြန်/ဆက်)