ကျွန်းလှ နိုဝင်ဘာ ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် နိုဝင်ဘာ(၂၈)ရက်နေ့ ကျရောက်မည့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် “သတင်းစကား” လက်ကမ်းစာစောင်များကို ယနေ့ နံနက် ၈ နာရီက အခြေခံပညာ အထက်တန်းကျောင်း (ကျွှန်းလှ)မှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများ၊ ဌာနဆိုင်ရာများအား ကျွန်းလှမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ လက်ကမ်းစာစောင်တွင် အမျိုးသားအောင်ပွဲနေ့၊ အေးအတူ ပူအမျှ၊ ပညာရေး ကဏ္ဍသည် အရေးကြီး၊ အမျိုးသားရေးစိတ်ဓာတ်၊ ဘုန်းရှင့်မြန်မာ တို့မြန်မာ၊ ၂၀၂၁ ခုနှစ် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ အမျိုးသားပညာရေး စသည်တို့ ပါဝင်ကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ