တန့်ဆည် ဩဂုတ် ၂၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ်၌ မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ကိုဗစ်-၁၉ကာလ စီးပွားရေး ကုစားမှု အစီအစဉ်အရ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VPFP) အကောင်အထည် ဖော်ဆောင်ရွက်မည့် ကျေးရွာများသို့ ယနေ့နံနက်ပိုင်းက စီမံကိန်းရန်ပုံငွေများ ကွင်းဆင်းထုတ်ချေးပေး ခဲ့ကြောင်း သိရသည်။
အဆိုပါ စီမံကိန်းရန်ပုံငွေများထုတ်ချေးရာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာနက (Village Revolving Fund Project) စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရန် အတွက် ရေရှင်၊ ရွာမုံတောင်၊ လိပ်ခြံ၊ အောင်သာကျေးရွာတို့တွင် ချေးငွေထုတ် ချေး ပေးခြင်းအား ဝန်ထမ်းများက ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျထုတ်ချေးပေးခဲ့ ကြောင်းသိရသည်။
ကျေးလက်နေပြည်သူများ ကိုဗစ်-၁၉ကာလအတွင်း ဝင်ငွေလျော့နည်းလာမှုနှင့် စားဝတ်နေရေး အခက်အခဲများအပေါ် ကုစားနိုင်ရန်အတွက် တန့်ဆည်မြို့နယ်အတွင်း ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း(VRFP) စီမံကိန်းဝင် ကျေးရွာ(၈)ရွာတွင် လက်ရှိစီးပွားရေးလုပ်ကိုင်လိုသူများ၊ တိုးချဲ့ လုပ်ကိုင် လိုသူများအား ဦးစားပေး၍ ချေးငွေချထားပေးမည်ဖြစ်ပြီး စီးပွားရေးကျဆင်း နေမှုများ အား ပြန်လည်ကုစားပေးနိုင်မည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက် ရေး ဦးစီးဌာနမှ သိရသည်။
ငြိမ်းမင်းထွန်း(တန့်ဆည်)