ငါးသိုင်းချောင်းမြို့၌ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်`သတင်းစကား' လက်ကမ်းစာစောင်ဖြန့်ဝေ

ငါးသိုင်းချောင်း နိုဝင်ဘာ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းနှင့် အ-လ-က(ခွဲ) မြို့သစ်‌ကျောင်းတို့၌ ယနေ့နံနက်ပိုင်းက အထက်တန်းနှင့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများသို့ အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံကို ငါးသိုင်းချောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူး‌၊‌ ဒေါ်နှင်းယုဝေက အသိပညာပေးဟောပြော‌‌ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ထုတ်ဝေသည့်(၁၀၁)နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်၊ သတင်းစကားလက်ကမ်းစာစောင်၊ စောင်ရေ(၂၅၅)စောင်ကို အဆိုပါကျောင်းများရှိ ဆရာ၊ ဆရာမများနှင့်အထက်တန်း/ အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူများသို့ ဦးစီးမှူးနှင့်ဝန်ထမ်းများက (အခမဲ့)ဖြန့်ဝေဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရသည်။

စိုးမင်းဦး