မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုလမ်းတွင် တံတာတစ်စင်းပျက်ကျ၍ ယာဉ်သွားလာမှု ပြတ်တောက်

ဆွမ်ပရာဘွမ်  ဩဂုတ် ၂၁

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ် မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုလမ်း၊ ဆွမ်ပရာဘွမ်-ပူတာအိုကြား အင်ဂေါမကျေးရွာအုပ်စု မိုင်တိုင်အမှတ် ၁၄၈ ရှိ တံတားအမှတ် ၆/၁၄၈ ဖုန်အင်ချောင်းကူးတံတား ဘေလီတံတား (၂၃၅)ပေသည် ယနေ့ နံနက် ၄ နာရီ အချိန်ခန့်တွင် ဘိလပ်မြေသယ်သည့် ကုန်ကားဖြတ်သန်း‌နေစဉ် P1-p2 ကြား 4th H20 ဘောင်ကျိုးကျပြီး အဆိုပါ ကုန်ကားပြုတ်ကျမှု ဖြစ်ပွားခဲ့သည်။

အဆိုပါဖြစ်စဉ်ကြောင့် ကာကားသွားလာမှု ပျက်တောက်လျက်ရှိပြီး ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် (ကားစပယ်ယာ) (၂) ဦး ထိခိုက်ဒဏ်ရာရရှိပြီး ၎င်းယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်(၂) ဦးအား ပူတာအိုဆေးရုံးသို့ ပို့မည်ဖြစ်ကြောင်း ကနဦးသတင်း ရရှိပါသည်။

မြို့နယ် (ပြန်/ဆက်)