ပခုက္ကူ နိုဝင်ဘာ ၂၄
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်ဌာနဆိုင်ရာများ၏ (၂/၂၀၂၁)လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌရုံးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပခုက္ကူမြို့နယ်စီမံအုပ်ချုပ်ရေး ဥက္ကဋ္ဌ ဦးမိုးကျော်သူ က လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ရသည့် အကြောင်းပြောကြားပြီး အသက်(၁၈)နှစ်အထက် လူဦးရေစာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှု အခြေအနေတို့အား မေးမြန်းရာ ပခုက္ကူမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အတွင်းရေးမှူး ဒေါ်ခင်မာအေး က အသက်(၁၈)နှစ်အထက် လူဦးရေစာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စုအလိုက် အိမ်ထောင်စုလူဦးရေစာရင်းများရယူ၍ တိုက်ဆိုင်စိစစ်ခြင်း၊ ဖြည့်စွက်ပြင်ဆင်ခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်ရန်ကျန်ရှိသည့် လုပ်ငန်းအသေးစိတ်အခြေအနေတို့ကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ပခုက္ကူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဌာနဆိုင်ရာတာဝန်ရှိသူများက အသက်(၁၈)နှစ်အထက် လူဦးရေစာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဝိုင်းဝန်းအကြံပေးဆွေးနွေးကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)