ရေဖြူမြို့နယ် လော့သိုင်းကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု စာရင်း ကွင်းဆင်းဆောင်ရွက်

ရေဖြူ   နိုဝင်ဘာ  ၂၄

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး၊ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက နိုဝင်ဘာ ၂၀ ရက်နေ့မှ ၂၂ရက်နေ့အထိ ပန်းခင်းစီမံချက်ဖြင့် ရေဖြူမြို့နယ်၊ လော့သိုင်း ကျေးရွာတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု စာရင်းများကို ကွင်းဆင်းကာ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ရေဖြူမြို့နယ်၊ လော့သိုင်းကျေးရွာပြည်သူများအား အသက် (၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၃၅)ဦး၊ အသက်(၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေး ကတ်ပြား(၆၉)ဦး၊ နိုင်ငံသား စိစစ်ရေးကတ်ပြားလဲလှယ်သူ (၄၉)ဦး၊ မှတ်ပုံတင်မိတ္တူ(၅၇)ဦး၊ စုစုပေါင်း(၂၁၀)ဦး နှင်အိမ်ထောင်စု(၈၄)စုကို အိမ်ထောင်စုစာရင်း ထုတ်ပေးခြင်းတို့ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

အဆိုပါ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်းများကို လော့သိုင်းကျေးရွာ ပြည်သူများသို့ မြို့နယ်ဦးစီးမှူး ဦးမျိုးမြင့်နှင့် ဝန်ထမ်းများက (၃)ရက်တာ ကွင်းဆင်း ဆောင်ရွက်ပြီး ပန်းခင်းစီမံချက် အသိပညာ‌ပေး လက်ကမ်းစာစောင်များကိုလည်း ပေးအပ်ခဲ့ ကြောင်း သိရသည်။

ခတ္တာ