ဒေးဒရဲ၊ နိုဝင်ဘာ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သိကောင်းစရာ အသိပညာပေး Talk Showကို မြို့နယ် အခြေခံပညာဦးစီးဌာနနှင့်ပူးပေါင်း၍လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် ၁၁ နာရီက ကျင်းပခဲ့ကြောင်းသိရသည်။
ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာ ဗဟုသုတ ရရှိစေရန်ရည်ရွယ်၍ Online ကတစ်ဆင့် အသိပညာပေးအစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အကြောင်းသိကောင်းစရာများ အသိပညာပေး Talk Show ဆောင်ရွက်ရခြင်းအကြောင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမြို့နယ် ဦးစီးမှူးဒေါ်အေးမြမွန်က ပြောကြားခဲ့ပြီး ဆက်လက်၍ ဒေးဒရဲမြို့နယ် အခြေခံပညာ ဦးစီးဌာနမှ လက်ထောက်မြို့နယ်ပညာရေးမှူးဦးအောင်ကျော်ထူးက အမျိုးသားအောင်ပွဲ နေ့ ဖြစ်ပေါ်လာပုံ၊ မြန်မာ့သမိုင်းမှာ မြန်မာတစ်မျိုးသားလုံး မမေ့ပျောက်နိုင်သော ဂုဏ်ယူမြတ်နိုး ဖွယ်ရာ အမျိုးသားအောင်ပွဲနေ့၏ အရေးပါပုံနှင့် အမျိုးသားအောင်ပွဲနေ့ဦးတည်ချက်များ စသည့် အကြောင်းအရာများ ဆွေးနွေးခဲ့သည်။ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေးဒရဲမြို့နယ်ရုံး မှ ရိုက်ကူးထုတ်လွှင့်သည့် အဆိုပါ Talk Show အပြည့်အစုံကို ဒေးဒရဲမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook page တွင်ဝင်ရောက်ကြည့်ရှုနိုင်ကြောင်းသိရသည်။
အေဇာလင်း(ပြန်/ဆက်)