(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်Talk Show ပြုလုပ်

စုကလိ   နိုဝင်ဘာ     ၂၄

ကရင်ပြည်နယ်မြဝတီခရိုင် စုကလိမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် အများပြည်သူများအားအသိပညာပေးလုပ်ငန်းများအား စဉ်ဆက်မပြတ် ဆောင်ရွက်လျှက်ရှိရာ  နိုဝင်ဘာ (၂၈)ရက်နေ့တွင် ကျရောက်မည့်(၁၀၁)နှစ်ပြည့်အမျိုးသားအောင်ပွဲနေ့အား ကြိုဆို ဂုဏ်ပြုသောအားဖြင့် Talk Show အား ယနေ့နံနက် ၉ နာရီအချိန်က စုကလိမြို့ ပြည်သူ့စာကြည့် တိုက် လူထုအခြေပြုဗဟိုဌာန Community. Center ခန်းမတွင် ပြုလုပ်ခဲ့သည် ။

ထို့သို့ ဆောင်ရွက်ရာတွင် အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံသမိုင်းအကျဉ်း၊ ကျွန်ပညာရေး စနစ် ဥပဒေ ကိုသပိတ်မှောက်တော်လှန်ခဲ့ကြသည့်ကျောင်းသားခေါင်းဆောင်းများ၊ နိုင်ငံတော် စီမံ အုပ်ချုပ်ရေးကောင်စီ ၏အမျိုးသားအောင်ပွဲနေနှင့်ပတ်သက်၍ ဦးတည်ချက်များနှင့် ပညာရေးစနစ် ပြောင်းလဲစေရန် စတက်သပိတ်မှောက်ခြင်းတို့ကြောင့် ရရှိလာသည့် ကောင်းမွန်သောပညာရေး စနစ်အား ယနေ့လူငယ်များအထိ အကျိုးခံစားရပုံများအား ဆွေးနွေးခဲ့ကြသည်။

အဆိုပါဆွေး နွေးပွဲ Talk show တွင် စုကလိမြို့ရုံးမှ မြို့တာဝန်ခံဦးစောအယ်လင်းနှင့် စာကြည့် တိုက် လက်ထောက်-၃ ဒေါ်ပိုပိုအောင် တို့မှဆွေးနွေးခဲ့ကြပြီး We Love Sukali Pages တွင် အများ ပြည်သူများသိရှိနိုင်စေရန် videos file ဖြင့် ထုတ်လွင့်ပေးသွားမည်ဖြစ်ကြောင်းသိရှိရသည်။

ပိုပိုအောင်