ကျောင်းကုန်း နိုဝင်ဘာ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ငွေကျပ် သိန်း(၄၀)တန်ဖိုးရှိ လူနာကုတင်ကိုအလှူရှင်ဒေါ်သိန်းမြင့်၊(ကိုသန်းနိုင်)၊ မသင်းသင်းချို (သီတာဦး) မိသားစုက ယမန်နေ့မွန်းလွဲပိုင်းကလှူဒါန်းရာ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအေးနိုင်နှင့် သူနာပြု ဆရာမများက လက်ခံရယူခဲ့ကြသည်။
ကျွန်မ ရန်ကုန်ဆေးရုံကြီးက ဆင်းတော လိုအပ်မယ်ထင်လို့ ဝယ်လာတာပါ၊ မြို့နယ်ပြည်သူ့ဆေး ရုံကြီးအတွက် လိုအပ်တဲ့နေရာမှာ သုံးစွဲဖို့ ယခုလိုလှူဒါန်းရခြင်း ဖြစ်ကြောင်းအလှူရှင်ဒေါ်သိန်းမြင့်က ပြောသည်။ ၂၀၂၀ပြည့်နှစ်အောက်တိုဘာ(၁၅) ရက်နေ့ကလည်း ကျောင်းကုန်းမြို့နယ် ပြည်သူလူထုအတွက် အရေးပေါ် ကယ်ဆယ် ရေး လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နိုင်ရန် အရေးပေါ် သူနာတင်ယာဉ်(၁)စီးကို လည်း အဆိုပါသီတာဦးမိသား စုမှ လှူဒါန်းခဲ့ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)