မြဝတီမြို့၌ အငြိမ်းစားဝန်ထမ်းများအား ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီပင်စင်လစာများ ထုတ်ပေးလျက်ရှိ

မြဝတီ နိုဝင်ဘာ ၂၄

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် အငြိမ်းစားဝန်ထမ်းများအား  ပင်စင်လစာများကို  နိုဝင်ဘာလ ၂၂ရက်နေ့မှ စတင်၍ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ  မြန်မာ့စီးပွားရေးဘဏ်၌ ထုတ်ပေး လျက်ရှိကြောင်း သိရသည်။

အဆိုပါ ပင်စင်လစာများထုတ်ပေးရာတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျဖြစ်စေရေးအတွက် အလှည့်ကျ ထုတ် ပေးခဲ့သည်။

ထို့သို့ထုတ်ပေးရာ၌ နိုဝင်ဘာလ (၂၂)ရက်နေ့မှ ယနေ့နေ့လည်အထိ အငြိမ်းစားဝန်ထမ်း (၈၀၆)ဦး ခန့်ကပင်စင်လစာများ လာရောက်ထုတ်ယူခဲ့ပြီးဖြစ်သည်။

ထို့ပြင် မြဝတီမြို့၌ ပင်စင်လစာမထုတ်ရသေးသည့် အငြိမ်းစားဝန်ထမ်းများအတွက် ပင်စင်လစာ များကိုလည်း နိုဝင်ဘာလ ၃၀ ရက်နေ့အထိ  ရုံးဖွင့်ရက်များတွင် ဆက်လက်ထုတ်ပေးသွားမည်ဖြစ် ကြောင်း သိရသည်။

မန်းသန်းရွှေမြင့်(ပြန်/ဆက်)