ပိုင်ကျုံမြို့၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်

ပိုင်ကျုံ   နိုဝင်ဘာ  ၂၄

ကရင်ပြည်နယ်၊  ဘားအံခရိုင်၊  ပိုင်ကျုံမြို့  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့်   မိကြောင်​ကျေးရွာအုပ်စု၊  မိ‌ကြောင်ကျေးရွာတွင် ယမန်နေ့ နံနက်ပိုင်းအချိန်က မိကြောင်ဘုန်းကြီးကျောင်း‌တော်ကြီးတွင် ကွင်းဆင်း ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။    

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနကနိုင်ငံသားတိုင်း နိုင်ငံ‌သားစိစစ်‌ရေးကတ် ကိုင်ဆောင်နိုင်ရန်ရည်ရွယ်၍ ပိုင်ကျုံမြို့လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ ဒုတိယဦးစီးမှူး   ဦးစောခန့်အောင်က ဦးဆောင်ပြီး ကျေးရွာရှိတာဝန်ရှိသူများနှင့် ပူးပေါင်း၍ အဆိုပါကျေးရွာရှိ ကျေးလက်နေပြည်သူများ နိုင်ငံသားစိစစ်ရေးကတ်များ နေ့ချင်း ထုတ်ပေးနိုင်ရေးအတွက် စနစ်တကျ စီစစ်ပြုလုပ်ပေးခဲ့ရာ နိုင်ငံသားစိစစ်ရေးကတ်  စတင် ပြုလုပ်သူ စုစုပေါင်း(၃၄)ဦးအား ဆောင်ရွက်ပေးနိုင်ခဲ့ပြီး နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်ရန် ကျန်ရှိသည့် ကျေးရွာများကိုလည်း  ပန်းခင်းစီမံချက်ဖြင့် ကျေးရွာအရောက် ဆက်လက် ကွင်းဆင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်၊၊

ပိုင်ကျုံ (ပြန်/ဆက်)