မြောင်းမြ နိုဝင်ဘာ ၂၄
ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ “လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ယမန်နေ့ နံနက်(၉:၃၀) နာရီက မြောင်းမြမြို့နယ် မြင်းကကွင်း ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဒု-လဝကမှူး ဒေါ်နန့်ခင်ထွေးရင်နှင့် ဝန်ထမ်းများက မြင်းကကွင်း ကျေးရွာအတွင်းရှိ ပြည်သူများမှ အသက် (၁၆)နှစ် အောက် (၁၄)ဦး ၊အသက် (၁၆-၁၈) နှစ် (၉) ဦး၊ အသက်(၁၈)နှစ်အထက်(၂၉)တို့အား နိုင်ငံသား စိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ခဲ့ပြီး လဲလှယ် (၉)၊ မိတ္တူ(၁၁) စုစုပေါင်း (၇၂) ဦး ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
စန္ဒာကြည်