မြောင်းမြမြို့နယ်၊ ကံ့ကော်မြိုင်ရပ်ကွက်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေး နိုင်ရေး ကွင်းဆင်းဆောင်ရွက်

မြောင်း​မြ မြို့ နိုဝင်ဘာ ၂၄

ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊​​ မြောင်းမြမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့်  လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ  “လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့် အညီ​ ယမန်နေ့ နံနက်၈နာရီခွဲ​က မြောင်းမြ​မြို့နယ် ကံကော်မြိုင်ရပ်ကွက် ဘုန်းတော်ကြီး ကျောင်းတွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ရေး ကွင်းဆင်း ဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင်မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီး မှူးရုံး မှ လဝကမှူးဒေါ် စိုးစိုးသိမ်းနှင့်  ဝန်ထမ်းများက​ကံကော်မြိုင်ရပ်ကွက်အတွင်းရှိ  ပြည်သူများမှ အသက် (၁၆)နှစ် အောက် (၅၀)ဦး ၊အသက် (၁၆-၁၈) နှစ် (၃၁) ဦး၊အသက် (၁၈)နှစ်အထက်(၁၀၀)၊ တို့အား နိုင်ငံသားစိစစ်ရေး ကတ်ပြားများထုတ်ပေးနိုင်ခဲ့ပြီးလဲလှယ် (-) ၊မိတ္တူ(၂) စုစုပေါင်း (၁၈၃) ဦး ဆောင်ရွက် ပေးနိုင်ခဲ့ကြောင်း သိရသည်။

စန္ဒာကြည်