ဟင်္သာတ နိုဝင်ဘာ ၂၄
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ဟင်္သာတမြို့ အ.ထ.က (၁) ဟင်္သာခန်းမ ဆေးထိုး စုရပ်တွင် ယနေ့နံနက် ၈ နာရီက အသက်(၁၂)အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်ကာကွယ်ဆေး (ဒုတိယအကြိမ်) ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
အသက်(၁၂)အထက် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်ကာကွယ်ဆေး (ဒုတိယအကြိမ်) ထိုးနှံပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မူဖြင့် မြို့နယ်ပညာရေးမှူးနှင့် သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများ၊ ဆရာဆရာမများ၊ ကျန်းမာရေးဝန် ထမ်းများ၊ ကျောင်းအကျိုးတော်ဆောင်များက ကာကွယ်ဆေးထိုးခြင်း၊ DataBase စာရင်းထည့်သွင်းခြင်း တို့အား စနစ်တကျကြီးကြပ်၍ ဆေးထိုးစုရပ် (၈)ခုတို့တွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက် များအတိုင်း ကြီးကြပ်ဆောင်ရွက်ခဲ့ကြသည်။
အထက ၁ ကျောင်း ဆေးထိုးစုရပ်တွင်မြို့ပေါ်ကျောင်များ၊(ဘက)ကျောင်းနှင့် ကိုယ်ပိုင် ကျောင်းများကိုလည်းကောင်း သက်ဆိုင်ရာနယ် ကျောင်းစုရပ်များတွင်လည်း သတ်မှတ် နယ်မြေများမှ အသက်(၁၂)နှစ်အထက် ကျောင်းသား/သူများကို ယမန်နေ့အထိ အထက်တန်း အဆင့် ၃၈၉၁ ဦး၊ အလယ်တန်းဆင့် ၈၈၃၁ ဦး စုစုပေါင်း ၁၂၇၂၂ ဦးတို့အား ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးပြီးဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ဦးဦးလှမြင့် ထံကသိရှိရသည်။
ကိုဇော်