ဝေါလေမြိုင် နိုဝင်ဘာ ၂၄
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့တွင် ပြည်သူများနှင့် ကျောင်းသား/ ကျောင်းသူများ အမျိုးသားအောင်ပွဲနေ့အကြောင်း သိကောင်းစရာ အသိပညာ ဗဟုသုတများကို သိရှိနိုင်စေရန်အတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသော ၂၀၂၁ ခုနှစ် (၁၀၁)နှစ် မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့ နံနက်ပိုင်းက စာသင်ကျောင်း၊ လူစည်ကားရာ နေရာများနှင့် ဌာနဆိုင်ရာရုံးများ၌ သွားရောက် ဖြန့်ဝေခဲ့သည်။
အဆိုပါလက်ကမ်းစာစောင်တွင် ၂၀၂၁ခုနှစ်၊ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဌာန်ပြုကြသော ကျောင်းသားကြီး (၁၁)ဦး၏ အမည်များ၊ အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံ၊ (၉၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သဝဏ်လွှာမှ ကောက်နုတ်ထားသော အမျိုးသား ပညာရေးနှင့် ကဗျာများပါဝင်ပြီး လက်ကမ်းစာစောင် ၂၀၀ စောင်အား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
နိုင်မျိုးသင်း