ရှမ်းရွာသစ် နိုဝင်ဘာ ၂၄
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ၂၀၂၁ခုနှစ် နိုဝင်ဘာလ(၂၈)ရက်နေ့တွင် ကျရောက်မည့် (၁၀၁)နှစ် မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် အသိပညာပေး (Talk Show)ဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre)ခန်းမ၌ Online မှတစ်ဆင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အေးအေးနွဲ့က အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေး (Talk Show) ဆွေးနွေး ပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီးနောက် ရှမ်းရွာသစ်မြို့ အခြေခံပညာ အထက်တန်းကျောင်းမှ အထက်တန်းပြဆရာဦးစောသန်းလေးမှ အမျိုးသားအောင်ပွဲနေ့သည် အမျိုးသားရေးစိတ်ဓာတ်နိုးကြား အောင်ဖော်ဆောင်ပေးသည့်နေ့တစ်နေ့ဖြစ်ကြောင်းနှင့် အမျိုးသား အောင်ပွဲနေ့ပေါ်ပေါက်လာပုံသမိုင်း ကြောင်းများအကြောင်း စသည်ဖြင့် အမျိုးသားအောင်ပွဲနေ့နှင့် ပက်သက်သည့် သိကောင်းစရာများကို အသိပညာပေးဆွေးနွေးခဲ့ပြီး အသိပညာပေး(Talk Show) ဆွေးနွေးပွဲအစီအစဉ်ကို We Love Shanywarthit Page မှတစ်ဆင့် ထုတ်လွှင့်ပေးသွားမည်ဖြစ် ကြောင်း သိရသည်။
ရှမ်းရွာသစ်(ပြန်/ဆက်)