နတ်မောက် နိုဝင်ဘာ ၂၄
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre)တွင် ယမန်နေ့နေ့လယ်(၂)နာရီအချိန်ခန့်က အသက်မွေးဝမ်းကြောင်း အထောက်အကူပြု အခမဲ့အခြေခံကွန်ပျူတာသင်တန်းကိုဖွင့်လှစ်ခဲ့သည်။
အသက်မွေးဝမ်းကြောင်းအထောက်အကူပြု အခမဲ့အခြေခံကွန်ပျူတာသင်တန်းဖွင့်ပွဲတွင် မြို့နယ်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးအရာရှိဒေါ်ဥမ္မာခင်က သင်တန်းသား/ သူများအား နည်းပညာ ဗဟုသုတရရှိစေရန် ၊ အသိညဏ်ပညာဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ချက်ဖြင့် သင်တန်းဖွင့်လှစ်ရခြင်းအား ရှင်းလင်းပြောကြား၍ သင်တန်း စည်းမျဉ်း စည်းကမ်း များကို ဖတ်ပြဆွေးနွေးခဲ့သည်။
အဆိုပါ အသက်မွေးဝမ်းကြောင်းအထောက်အကူပြုအခမဲ့အခြေခံကွန်ပျူတာသင်တန်းကို ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ကျောင်းသား/သူ စုစုပေါင်း (၁၀)ဦးတက်ရောက်ခဲ့ပြီး သင်တန်းကာလကို နိုဝင်ဘာ ၂၃ ရက်နေ့မှ ဒီဇင်ဘာ ၂၃ ရက်နေ့အထိ ၁ လကြာဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။ သင်တန်း နည်းပြအဖြစ် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်ဖြိုးအိအိဇော်က ကွန်ပျူတာ အခြေခံဘာသာရပ်များကိုပို့ချသင်ကြားပေးသွားမည်ဖြစ်ကြောင်းသိရသည်။
လှဝင်း(နတ်မောက်)