လိပ်သိုမြို့သံမိုးတောင်ကျေးရွာတွင် အိမ်ခြံဝင်းအတွင်း ဟင်းသီးဟင်းရွက်စိုက်ပျိုးခြင်း (Home Gardening) လုပ်ငန်းဆောင်ရွက်

လိပ်သို  နိုဝင်ဘာ   ၂၄

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့စိုက်ပျိုးရေးဦးစီးဌာနမှ    မိုးကာလအလွန် အိမ်ခြံဝင်း အတွင်း   ဟင်းသီးဟင်းရွက်  စိုက်ပျိုးခြင်းလုပ်ငန်းအား     အကောင်အထည် ဖော်ဆောင်ရွက်လျက် ရှိရာ ယမန်နေ့နံနက် (၁၀) နာရီအချိန်က သံမိုးတောင် ကျေးရွာရှိ တောင်သူမာသာနီနီအောင်၏  ယာမြေခြံ၌   လိပ်သိုမြို့စိုက်ပျိုးရေး ဦးစီးဌာနမှ မြို့ဦးစီးမှူးဦးလင်းအောင်နှင့် ဝန်ထမ်း များသည် မျိုးစေ့နှင့် ပျိုးပင်များကို  တောင်သူများ လက်ဝယ်အရောက်   ဖြန့်ဝေပေးခြင်း၊ သွင်းအားစုနည်းပညာ များကို  တောင်သူများအား   အသိပညာပေးခြင်း  လုပ်ငန်းများ  လက်တွေ့ကွင်းဆင်း  သရုပ်ပြ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ    မိုးကာလအလွန်တွင်   မိမိတို့အိမ်ခြံဝင်းအတွင်း  ဟင်းသီးဟင်းရွက်များကို  ကိုယ်တိုင် စိုက်ပျိုး ထုတ်လုပ်ခြင်းကြောင့်  ယခင်ကတောင်ငူမြို့မှ  ရောင်းချမှုကိုသာမှီခိုအားထား  နေရမှုကို  လျော့ချလာနိုင် မည်ဖြစ်ပြီး   ငွေကုန်သက်သာခြင်း၊ ဓါတုဆေးဝါး  ကင်းရှင်း၍   ကျန်းမာရေးနှင့် ညီညွတ်ကာ   လတ်လတ်ဆတ်ဆတ်  ဆွတ်ခူးစားသုံးရခြင်း၊   ပိုလျှံသောအသီးအရွက်များအား  မိမိတို့၏ ပတ်ဝန်းကျင်အား   ဝေငှပေးနိုင်ခြင်း၊ ရောင်းချခြင်းတို့ကြောင့်     မိသားစုအပိုဝင်ငွေရရှိနိုင်မည် ဖြစ်ကြောင်း   မြို့ဦးစီးမှူး ပြောပြချက်အရ  သိရှိရသည်။

မြို့ (ပြန်/ဆက်)