မေတ္တာမြို့၊ မြေးခံဘော်ကျေးရွာတွင် အသက် (၁၈)နှစ်နှင့်အထက်ပြည်သူများအား (ပထမအကြိမ်)ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး

မေတ္တာ  နိုဝင်ဘာ ၂

ထားဝယ်ခရိုင်၊ မေတ္တာမြို့၊ မြေးခံဘော်ကျေးရွာအတွင်းရှိပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်နိုင်ရန်အတွက် အသက်(၁၈) နှစ်နှင့်အထက်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(ပထမအကြိမ်)ထိုးနှံပေးခြင်းကို ထားဝယ်မြို့နယ်၊ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့ နံနက်(၉)နာရီအချိန်ခန့်တွင် မေတ္တာမြို့၊မြေးခံဘော်ကျေးရွာ၊ ခရစ်ယာန်ဘုရားကျောင်းခန်းမတွင် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

ထိုသို့ ကာကွယ်ဆေးလာရောက်ထိုးနှံသူ အသက် (၁၈)နှစ်နှင့်အထက် ပြည်သူများအား ကျန်းမာရေး ဝန်ထမ်းများနှင့်လူမှုကူညီရေးအဖွဲ့များက အပူချိန်တိုင်းပေးခြင်း၊ သွေးပေါင်ချိန် ပေးခြင်းတို့ကို ပြုလုပ်ဆောင်ရွက်ပေးပြီး ကျန်းမာရေအခြေအနေအပေါ်မူတည်၍ ကာကွယ် ဆေးများထိုးနှံပေးလျက်ရှိသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မေတ္တာမြို့၊  မြို့အုပ်ချုပ်ရေးမှူး ဦးသူရထွန်းက အနီးကပ်ကြီးကြပ်ကာ မြေးခံဘော်ကျေးရွာရပ်မိရပ်ဖများ၊ လူငယ်များ၊ဟိန္ဒါးကျေးရွာ ခရေ သစ္စာလူမှုကူညီရေးအဖွဲ့နှင့် လူမှုပရဟိတ ဂရုဏာအဖွဲ့တို့ကဝိုင်းဝန်းကူညီ ဆောင်ရွက်ခဲ့ကြ ကြောင်းသိရသည်။

နန်းခလိုက် (မေတ္တာ)