“၁၀၁”နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အကြောင်းသိကောင်းစရာများအသိပညာပေး Talk Showကျင်းပ

မအူပင်  နိုဝင်ဘာ   ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက “၁၀၁”နှစ်မြောက်အမျိုးသား အောင်ပွဲနေ့အကြောင်း သိကောင်းစရာ အသိ ပညာပေး Talk Showကို မအူပင်ခရိုင်စာအုပ်စာစောင် ချစ်မြတ်နိုး သူများအသင်း(Book Club)နှင့်ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ မွန်းလွဲ၃နာရီက ကျင်းပခဲ့ကြောင်းသိရသည်။
မအူပင်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာ ဗဟုသုတရရှိစေရန်ရည်ရွယ်၍ Online မှတစ်ဆင့် အသိပညာပေးအစီ အစဉ်များကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိရာ “၁၀၁”နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အကြောင်းသိကောင်းစရာများအသိပညာပေး Talk Show ဆောင်ရွက်ရခြင်း အကြောင်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန ခရိုင်တာဝန်ခံ ဒေါ်တင်သူဇာလှိုင်က ပြောကြားခဲ့ပြီး ဆက်လက်၍ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲဝင် ဆရာဦးဘိုထွေးက အမျိုးသား အောင်ပွဲနေ့ဖြစ်ပေါ်လာပုံ ၊ မြန်မာ့သမိုင်းမှာ မြန်မာ တစ်မျိုးသားလုံး မမေ့ပျောက်နိုင်သော ဂုဏ်ယူမြတ်နိုးဖွယ်ရာ အမျိုးသား အောင်ပွဲနေ့၏ အရေးပါပုံနှင့် အမျိုးသား အောင်ပွဲ နေ့ဦးတည်ချက်များ စသည့်အကြောင်းအရာများ ဆွေးနွေးခဲ့သည်။ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန မအူပင်ခရိုင်ရုံးမှ ရိုက်ကူးထုတ်လွှင့်သည့် အဆိုပါ Talk Show အပြည့်အစုံကို မအူပင်ခရိုင် ပြည်သူ့ စာကြည့်တိုက် Facebook page တွင်ဝင်ရောက်ကြည့်ရှုနိုင်ကြောင်းသိရသည်။
ခရိုင် ပြန်/ ဆက်(မအူပင်)