လက်ပံတန်းမြို့နယ်တွင် မီးလောင်မှု၊ မီးလန့်မှု မဖြစ်ပွားစေရေးအတွက် မီးဘေးလုံခြုံရေး စစ်ဆေး

လက်ပံတန်း နိုဝင်ဘာ ၂၃

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်း မြို့နယ်တွင်  ပြည်သူများ ဈေးဝယ်ယူ၊ ရောင်းချနေစဉ် ကာလအတွင်း မီးလောင်မှု၊ မီးလန့်မှုများ ဖြစ်ပွားမှု မရှိစေရေးအတွက် ယနေ့နေ့လယ် ၁ နာရီက မြို့မဈေးအတွင်းရှိ ဆိုင်ခန်းများအား မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရာတွင် စစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ် ဦးစီးမှူး ဦးလင်းကျော် ဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဦးဝင်းစန်း၊ မြို့နယ်ဈေးတာဝန်ခံ ဦးတိုးအောင်တို့ ပူးပေါင်း၍ ဈေးအတွင်းရှိ ဆိုင်ခန်းများ၌ လျှပ်စစ်မီးသုံးစွဲမှု စနစ်တကျ ဖြစ်စေရေး၊ မီးကြိုးများနှင့် မီးလုံးများ သွယ်တန်းထားမှု အခြေအနေများအား စစ်ဆေးပြီး မီးဘေးကြိုတင် ကာကွယ်ရန်အတွက် ဈေးအတွင်း သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံးများ၊ မီးသတ်ဆေးဘူးများ အဆင့်အသင့် ဆောင်ထားရန် စသည်တို့ကို ပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။

ဝင့်နန္ဒာဌေး