ညောင်လေးပင် နိုဝင်ဘာ ၂၃
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် မြို့နယ်ကြက်ခြေနီအသင်းနှင့် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ ပြန်လည်ဖွဲ့စည်းနိုင်ရေးအတွက် အစည်းအဝေးကျင်းပခြင်းကို ယနေ့မွန်းလွဲ ၁ နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Center ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အစည်းအဝေး၌ မြို့နယ်ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဒေါက်တာမြင့်သန်းက အမှာစကားပြောကြားရာတွင် မြို့နယ်ကြက်ခြေနီအသင်း၏ ရည်ရွယ်ချက်နှင့် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ပြန်လည်ဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး တပ်ဖွဲ့ပြန်လည်ဖွဲ့စည်းနိုင်ရန် အဖွဲ့ဝင်များက ဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်းသိရသည်။
အဆိုပါ အစည်းအဝေးသို့ မြို့နယ်ကြက်ခြေနီအသင်းဥက္ကဌ ဒေါက်တာမြင့်သန်းနှင့် အဖွဲ့ဝင်များ၊ လက်ထောက်မြို့နယ် မီးသတ်ဦးစီးမှူးနှင့် မြို့မိ/မြို့ဖများ တက်ရောက်ဆွေးနွေးခဲ့ကြောင်းသိရသည်။
မြို့နယ် ပြန်/ဆက်