တောင်ငူ နိုဝင်ဘာ ၂၃
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့နယ်အတွင်း ကိုဗစ်-၁၉ ကူးစက်ရောဂါပြန့်ပွားမှု မရှိစေရေး ၊ ပြည်သူများအနေဖြင့် အပြင်ထွက်သည့် အခါတိုင်း ပါးစပ်နှင့်နှာခေါင်းစည်းများ တပ်ဆင်သွားလာမှုရှိစေရေးအတွက် ယနေ့နံနက်ပိုင်းက မြို့နယ်အဆင့်ဌာနဆိုင်ရာများ စုပေါင်းကာ ဗိုလ်မှူးဖိုးကွန်းလမ်း အနောက်ဘက်မုခ်ဦးနှင့် စစ်တောင်းတံတားထိပ်တို့တွင် ပါးစပ်နှင့် နှာခေါင်းစည်း အခုရေ ၁၀၀၀ အား အခမဲ့ဖြန့်ဝေပေးသည်။
တောင်ငူမြို့နယ်အတွင်း ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့တွင်း လူစည်ကားရာနေရာများ ၊ လမ်းဆုံလမ်းခွနေရာများတွင် ရက်သတ္တပတ်များ၌ တာဝန်ကျ အဖွဲ့များ စုပေါင်းကာ ပါးစပ်နှင့် နှာခေါင်းစည်းများကို ဖြန့်ဝေပေးသွားမည်ဖြစ်ပြီး တပ်ဆင်သွားလာမှု မရှိသူများအား အသိပညာပေး နှိုးဆော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ အရေးပေါ်ထိန်းချုပ်ရေးနှင့် တုံ့ပြန်ရေး ကော်မတီမှ သိရသည်။
ဇော်ထက်