သရက်ချောင်းမြို့တွင် အသက်(၁၂)နှစ်ပြည့်ပြီးသော ကျောင်းသား/သူများ အား  (ဒုတိယအကြိမ်) ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinovac) ကို စနစ်တကျ ထိုးနှံပေး

သရက်ချောင်း  နို၀င်ဘာ   ၂၃

တနင်္သာရီတိုင်းဒေသကြီး၊ ထား၀ယ်ခရိုင်၊ သရက်ချောင်းမြို့တွင်  အသက်(၁၂)နှစ်ပြည့် ပြီးသော အလယ်တန်း၊ အထက်တန်း ကျောင်းသား/ ကျောင်းသူများအား (ဒုတိယအကြိမ်) ကိုဗစ်ကာကွယ်ဆေး (Sinovac)ကို ယနေ့နံနက် (၁၀) နာရီအချိန်က  အ-ထ-က သရက် ချောင်းကျောင်းခန်းမ၌  သရက်ချောင်းမြို့နယ်  ကျန်းမာရေးဦးစီးဌာနမှ ၀န်ထမ်းများက စနစ်တကျ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထို့သို့  ကာကွယ်ဆေးထိုးနှံရာတွင် သရက်ချောင်းမြို့ အခြေခံပညာအထက်ကျောင်း စုရပ်၌ အသက် (၁၂)နှစ်ပြည့်ပြီးသော အလယ်တန်းအဆင့် ကျောင်းသား/သူ (၅၂) ဦး၊ စုစုပေါင်း (၁၀၄)ဦးတို့အား ကာကွယ်ဆေး ထိုးမှတ်တမ်းရေးသွင်းခြင်းများ ဆောင်ရွက်ပေးပြီး ကျန်းမာရေးကောင်းမွန်သူများအား  သရက်ချောင်းမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ၀န်ထမ်းများက ကိုဗစ်- ၁၉  ကာကွယ်ဆေး (Sinovac)ကို စနစ်တကျ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို သရက်ချောင်းမြို့  အုပ်ချုပ်ရေးမှူး ဦးစောလွင်  ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းဖွဲ့က လိုအပ်သည်များ ကူညီ ဆောင်ရွက် ပေးလျက်ရှိကြောင်း  သိရသည်။

အေးနွယ်၀င်း