တောင်ငူ၌(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များ ဖြန့်ဝေ

တောင်ငူ နိုဝင်ဘာ ၂၃

၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ကျရောက်မည့် (၁၀၁)နှစ်မြောက်အမျိုးသား အောင်ပွဲနေ့အား ကြိုဆိုသောအားဖြင့် ယနေ့နံနက်ပိုင်းက တောင်ငူခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက တောင်ငူမြို့နယ် အမှတ် (၂)နှင့် အမှတ် (၄) အခြေခံပညာ အထက်တန်းကျောင်းတို့တွင် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ  လက်ကမ်းစာစောင်တွင်  ၂၀၂၁ ခုနှစ်၊ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၂၀၂၁ ခုနှစ် ဧပြီ ၁၁ ရက်နေ့တွင်  ရန်ကုန်တိုင်း စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား တွေ့ဆုံပြောကြားသည့် အမှာစကားမှ ကောက်နှုတ်ချက်၊ အေးအတူပူအမျှ၊ ရန်ကုန် ယူနီဗာစီတီ အက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဋ္ဌာန်ပြုကြသော  ကျောင်းသား ကြီး(၁၁)ဦး၊ အမျိုးသားရေးစိတ်ဓာတ်၊ အမျိုးသားအောင်ပွဲနေ့ အစရှိသည့် အကြောင်း အရာများ၊ ရေနံ့သာမောင်ကျော်ညွန့် ရေးသားသော ဘုန်းရှင့်မြန်မာတို့ မြန်မာကဗျာ အစရှိသည့် အကြောင်းအရာများ ပါဝင်ကြောင်းသိရှိရသည်။

ဇော်ထက် (တောင်ငူ)