ကြံခင်းမြို့တွင် ASEAN AHA Center မှပေးပို့လှုဒါန်းသော ကိုဗစ်-၁၉ရောဂါ ကုသရေးသုံး ပစ္စည်းများ ပေးအပ် လှုဒါန်းပွဲ အခမ်းအနားကျင်းပ

ကြံခင်း နိုဝင်ဘာ၂၃

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ကြံခင်းမြို့တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းက ASEAN  AHA. Centerမှ ပေးပို့လှုဒါန်းသော ကိုဗစ်-၁၉ရောဂါ ကုသရေးသုံး  Oxygen  Concentrator နှင့် Oxygen Cylinder ပစ္စည်းများပေးအပ်လှုဒါန်းခြင်းကို ယနေ့နံနက်(၁၁)နာရီခွဲအချိန်က ကြံခင်းမြို့ ဧရာဦး ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးကြည်ရွှင်က ASEAN  AHA. Center  မှပေးပို့လှုဒါန်းသော ကိုဗစ်-၁၉ရောဂါကုသရေးသုံး Oxygen  Concentrator နှင့် Oxygen Cylinder(15)liter ပစ္စည်းများ ပေးအပ်လှုဒါန်းရခြင်းနှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားပါသည်။

ထိုနောက်တိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌမှ မြို့နယ်ပြည်သူ့ဆေးရုံသို့ Oxygen  Concentrator (10 liter) ၂လုံး၊ဘက်ရဲတိုက်နယ်ဆေးရုံသို့ Oxygen  Concentrator (10 liter) တစ်လုံးနှင့် မြိုနယ်ကြက်ခြေနီအသင်းခွဲသို့ Oxygen  Concentrator (10 liter)၂လုံး၊ Oxygen Cylinder(15)liter ၄လုံး အားပေးအပ်ရာ တာဝန်ရှိသူအသီးသီးမှလက်ခံရယူခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီးမြို့နယ် ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့အတွင်း ရေးမှုး မြို့နယ်ရဲတပ်ဖွဲ့မှုးယာယီရဲမှုးကျော်ကိုကိုနှင့် မြို့နယ်ကျန်းမာရေးနှင့် ကုသရေးဦးစီးမှုး ဒေါက်တာဝင်းနိုင်တို့ မှကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်းသိရသည်။

အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးကြည်ရွှင် မြို့နယ် ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အဖွဲ့အတွင်းရေးမှုး မြို့နယ်ရဲမှုး ယာယီရဲမှူး ကျော်ကိုကိုနှင့် အဖွဲ့ဝင်များ၊မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးကြည်ဝင်းနှင့်တာဝန် ရှိသူများ တတ်ရောက်ခဲ့ကြကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)