ပန်းတနော် နိုဝင်ဘာ ၂၃
ဧရာ၀တီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပန်းတနော်မြို့နယ်ရုံးမှ ဝန်းထမ်းများက “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့”ဆောင်ပုဒ် နှင့်အညီ ရွှေလေကျေးရွာအုပ်စုနှင့် ရေပေါ်ကြီးကျေးရွာအုပ်စုများသို့ ယမန်နေ့ နံနက် ၉ နာရီက ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးနိုင်ရေး ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဒု-လဝကမှူး ဒေါ်ဆင့်ဆင့်နိုင်နှင့်ဝန်ထမ်းများက ရေပေါ်ကြီးကျေးရွာ အုပ်စုအတွင်းရှိ အသက် (၁၀)နှစ်အထက် (၃၀)ဦး ၊အသက် (၁၈) နှစ် အထက်(၄၉) ဦး၊ စုစုပေါင်း(၇၉)ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ခဲ့ပြီး အိမ်ထောင်စု လူဦးရေစာရင်း(၆၂)စု တို့ကိုဆောင်ရွက်ပေးခဲ့သည်။
အလားတူ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဒု-လဝကမှူး ဦးမျိုးထွန်းဦးနှင့် ဝန်ထမ်းများက ရွှေလှေကျေးရွာအုပ်စု အတွင်းရှိ အသက်(၁၆) နှစ်အထက်(၁၅)ဦး၊အသက်(၁၈)နှစ်အထက် ၆(က)- (၄၅)ဦး၊မိတ္တူ(၉)ဦး စုစုပေါင်း (၆၉)ဦးတို့ အား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေးအဖွဲ့များခွဲ၍ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ ဆက်)