ညောင်တုန်းမြို့နယ်တွင် အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံ

ညောင်တုန်း    နိုဝင်ဘာ    ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို နိုဝင်ဘာလ ၂၃ရက် နံနက် ၉နာရီခွဲအချိန်က ကာကွယ်ဆေးထိုးစုရပ်များတွင် ဆက်လက်ထိုးနှံပေးလျက်ရှိ သည်။

ညောင်တုန်းမြို့နယ်တွင် အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို အ.ထ.က(၂)၊ အထက(ခွဲ)မြို့မ၊ အ.ထ.က (ဆားမလောက်)၊ အ.ထ.က(မဲဇလီ)၊ အ.ထ.က(ချောင်းကြီး)၊ အ.ထ.က(စက္ကော့)၊ အ.ထ.က(အင်းမ)၊ အ.ထ.က (သပြေချောင်း)နှင့် အ.ထ.က(ထိပ်ဝကြီး-ရှမ်းစု) ဆေးထိုးစုရပ်(၉)ခုတွင် ဆေးထိုးအဖွဲ့(၉)ဖွဲ့ဖြင့် စနစ်တကျ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်ဆက်)