ဟားခါး နိုဝင်ဘာ ၂၃
ချင်းပြည်နယ်၊ ဟားခါးမြို့တွင် အသက် ၁၂ နှစ်နှင့်အထက် အလယ်တန်းနှင့် အထက်တန်း ကျောင်းသား၊ ကျောင်းသူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို နိုဝင်ဘာလ ၂၃ ရက်နေ့မှစ၍ စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ယနေ့ စတင်ထိုးနှံပေးခဲ့သည့် ကာကွယ်ဆေးကို အောက်တိုဘာလ ၂၆ ရက်နေ့မှ ၃၀ ရက်နေ့အထိ ထိုးနှံခဲ့သည့် အသက် ၁၂ နှစ်နှင့်အထက် အလယ်တန်းနှင့် အထက်တန်း ကျောင်းသား၊ ကျောင်းသူ များကို ဒုတိယအကြိမ် ထိုးနှံပေးခြင်းဖြစ်ပြီး တစ်ကြိမ်တစ်ခါမျှ ထိုးနှံခဲ့ဖူးခြင်းမရှိသေးသည့်အထက် တန်းနှင့် အလယ်တန်း ကျောင်းကျောင်းသား၊ ကျောင်းသူများကိုလည်း ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကာကွယ်ဆေးကို အမှတ် (၁)၊ အမှတ် (၂)နှင့်အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းများတွင် နိုဝင်ဘာလ ၂၃ ရက်နေ့မှ ၂၆ ရက်နေ့အထိ လေးရက်ကြာ ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။
မောင်တက်လမ်း