ရှမ်းရွာသစ် နိုဝင်ဘာ ၂၃
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ၂၀၂၁ခုနှစ်၊ နိုဝင်ဘာလ(၂၈)ရက်နေ့တွင် ကျ ရောက်မည့် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် ဟောပြောပွဲများ ပြုလုပ် ဆောင်ရွက်ခြင်းကို ယနေ့မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ဆောင် ရွက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါလုပ်ငန်းများတွင် ရှမ်းရွာသစ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အေးအေးနွဲ့က အမျိုးသားအောင်ပွဲနေ့သည် မြန်မာတစ်နိုင်ငံလုံးမှာရှိသော ကျောင်းသား/သူများ တောင်သူလယ်သမားများမှစ၍ တစ်နိုင်ငံလုံး အမျိုးသားရေးစိတ်ဓာတ်နိုးကြားအောင် ဖော်ဆောင်ပေးသည့် နေ့ထူးနေ့မြတ်ဖြစ်ကြောင်း၊ ကျောင်းသား/သူများ နေ့ထူးနေ့မြတ် များနှင့်ပတ်သက်၍ အသိပညာဗဟုသုတ ရရှိစေရန်ရည်ရွယ်၍ ဆောင်ရွက်ရခြင်းဖြစ်ကြောင်းနှင့် အမျိုးသားနေ့ ပေါ်ပေါက် လာပုံသမိုင်းကြောင်းများ စသည့် အမျိုးသားအောင်ပွဲနေ့နှင့်ပတ်သက်၍ သိကောင်းစရာများကို ကျောင်းသား/သူများတို့အား အသိ ပညာပေး ဟောပြောခဲ့သည်။
ထို့နောက် စာပေများဖတ်ရှုလေ့လာတတ်သည့် အလေ့အကျင့်ရှိစေရန်နှင့် အသိပညာဗဟုသုတ ရရှိစေရန် အတွက် နံရံကပ် စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို ဆက်လက်ဆောင်ရွက်ခဲ့ရာ ကျောင်းသား/သူများက အမျိုးသားအောင်ပွဲနေ့ ပေါ်ပေါက် လာပုံနောက်ခံသမိုင်းကြောင်းများ၊ သမိုင်းဝင်မှတ်တမ်းဓာတ်ပုံများနှင့် ဆောင်းပါးများ၊ ဆောင်ပုဒ်များ၊ အမျိုးသားအောင်ပွဲနေ့ ဂုဏ်ပြုကဗျာများ ပါဝင်သော နံရံကပ်စာစောင်များ နှင့် စာအုပ်စာစောင်ပြပွဲတွင် ခင်းကျင်းပြသထားသော စာအုပ်စာပေများကိုလည်း စိတ်ဝင်စားစွာကြည့်ရှု လေ့လာခဲ့ကြကြောင်း သိရှိရသည်။
ရှမ်းရွာသစ်(ပြန်/ဆက်)