ကလိန်အောင်မြို့တွင် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် (အကြို) အသိပညာပေး နံရံကပ်စာစောင်နှင့် စာအုပ် စာစောင်ပြပွဲကျင်းပ

ကလိန်အောင်  နိုဝင်ဘာ  ၂၃

တနင်္သာရီတိုင်းဒေသကြီး၊  ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် (၂၀၂၁) ခုနှစ် နိုဝင်ဘာလ (၂၈) ရက်နေ့တွက် ကျရောက်မည့် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် (အကြို) အသိပညာပေးနံရံကပ် စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် (၁၁) နာရီ အချိန်ခန့်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး (Community Centre) ခန်းမတွင် ပြသ ဆောင်ရွက်ခဲ့သည်။

အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အသိပညာပေး နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲတွင် အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း သိကောင်းစရာများ၊ အမျိုးသားနေ့နှင့် ပတ်သက်သည့် စာအုပ်စာစောင်များ၊ အခြား သုတ၊ ရသ စာအုပ်စာစောင်များကို ပြသပေးပြီး၊ အမျိုးသားနေ့ ဖြစ်ပေါ်လာပုံ အကြောင်းအရာများကို ကျောင်းသားကျောင်းသူများ သိရှိပြီး ဗဟုသုတ တိုးပွားစေရန်၊ စာပေကိုချစ်မြတ်နိုးတတ်စေရန်၊ စာကြည့်တိုက်ကို အကျိုးရှိစွာ အသုံးပြု တတ်စေရန်၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်နှင့် စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများ တိုးပွားလာရန် ရည်ရွယ်၍ ပြသခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြပွဲတွင် ခင်းကျင်းပြသထားသော အသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ်စာစောင် များအား အ-ထ-က၊ ကလိန်အောင်မှ ကျောင်းသားကျောင်းသူများက စိတ်ဝင်တစား ကြည့်ရှုခဲ့ ကြောင်း သိရသည်။

 

မိုးမိုးခိုင်