သံတောင်ကြီး နိုဝင်ဘာ ၂၃
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းများကို ထိရောက်စွာ ကာကွယ်နိုင်ရေးအတွက် ယနေ့နံနက် (၁၀) နာရီ အချိန် သံတောင်ကြီးမြို့ဝင်ဂိတ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှု ရှိ/မရှိ RDT Test Kit ဖြင့် ခရီးသွားလာသူများအား စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ မရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ရာတွင် သံတောင်ကြီး မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဆင့်၊ ဒု-မြို့နယ် အုပ်ချုပ်ရေးမှူး ဦးနေသွေးနှင့် ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်းပြီး ကွင်းဆင်း စစ်ဆေးပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)