နတ်မောက်မြို့၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများထုတ်ပေး

နတ်မောက်    နိုဝင်ဘာ ၂၃

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်စားဝန်ထမ်းများအား ယမန်နေ့ နံနက်ပိုင်းက စတင်ထုတ်ပေးလျက်ရှိရာ လူစုလူဝေးမ ဖြစ်ပေါ်စေရန်အတွက် ရပ်ကွက်/ကျေးရွာများမှ ပင်စင်စားများအားနေ့အလိုက်     ခွဲခြားသတ်မှတ်၍ စနစ်တကျ ပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

နတ်မောက်မြို့နယ်တွင် ပင်စင်စားဝန်ထမ်း(၁၈၀၀)ဦးရှိပြီး နိုဝင်ဘာ(၂၂)ရက်နေ့မှ (၂၉)နေ့အထိ နေ့စဉ် နံနက် ၈ နာရီခွဲမှ မွန်းလွဲ ၁ နာရီအထိ ပင်စင်လစာငွေများ ထုတ်ပေး သွားမည်ဖြစ်သည်။

သတ်မှတ်ရက်များတွင် လာရောက်ထုတ်ယူခြင်းမရှိသော ပင်စင်စားဝန်ထမ်းများအား ဒီဇင်ဘာ လဆန်း ဘဏ်လုပ်ငန်းချိန်အတွင်း၌ ဆက်လက်ထုတ်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။

လှဝင်း