မြို့သစ် နိုဝင်ဘာ၂၃
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူအသင်း (Book Club)အဖွဲ့တို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြု ဗဟိုဌာနတွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ဆောင်ရွက်ခဲ့သည်။
အသိပညာပေး ဆွေးနွေးပွဲ (Talk Show)တွင် မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူအသင်း (Book Club) အဖွဲ့ဝင် ဆရာကြီးများဖြစ်သည့် ဦးမြင့်ကြည်၊ ဦးတင်ရွှေ၊ ဦးကံရင်တို့မှ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံနှင့် နိုင်ငံ့ခေါင်းဆောင်ကြီးများ၏ အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာစေရန် ကြိုးပမ်း ဆောင်ရွက်မှုများကို အကျယ်တဝင့် ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဝင်းအိဇွန်(ပြန်/ဆက်)